အားလုံးအတွက်
ဂျပန်နိုင်ငံက”အိမ်”ကို
ကူညီရှာဖွေပေးပါရစေ

ဂျပန်တစ်နိုင်ငံလုံးမှာ စိတ်ကြိုက်အိမ်ရှာနိုင်ခြင်း

ဗီဇာအမျိုးအစားမရွေး ဝန်ဆောင်မှုပေးခြင်း

အာမခံပေးမည့်သူလိုအပ်ပါက ဝန်ဆောင်မှုပေးခြင်း

မြန်မာဘာသာစကားဖြင့် ဝန်ဆောင်မှုပေးခြင်း

ဂျပန်ပြည်ပမှာလဲ အိမ်များရှာဖွေလျှောက်ထားနိုင်ခြင်း

အွန်လိုင်းမှတဆင့် စာချုပ်ချုပ်ဆိုနိုင်ခြင်း

အားလုံးအတွက်
ဂျပန်နိုင်ငံက”အိမ်”ကို
ကူညီရှာဖွေပေးပါရစေ

ဂျပန်တစ်နိုင်ငံလုံးမှာ စိတ်ကြိုက်အိမ်ရှာနိုင်ခြင်း

ဗီဇာအမျိုးအစားမရွေး ဝန်ဆောင်မှုပေးခြင်း

အာမခံပေးမည့်သူလိုအပ်ပါက ဝန်ဆောင်မှုပေးခြင်း

မြန်မာဘာသာစကားဖြင့် ဝန်ဆောင်မှုပေးခြင်း

ဂျပန်ပြည်ပမှာလဲ အိမ်များရှာဖွေလျှောက်ထားနိုင်ခြင်း

အွန်လိုင်းမှတဆင့် စာချုပ်ချုပ်ဆိုနိုင်ခြင်း

Services

ဝန်ဆောင်မှုများ

လိုအပ်ချက်အပေါ် မူတည်ပြီး နိုင်ငံခြား သား လက်ခံသည့် အိမ်၊ အခန်းများကို ရှာဖွေမိတ်ဆက် ပေးလျှက်ရှိပါတယ်။

Tokuteiginou(တိုခုတေးဂီနိုး)၊Ginou Jisshuusei(ဂျစ်ရှူးဆေး)၊ Tokutei Katsudo(ခါစုဒိုး)၊  Work Visa(ရုံးပိုင်း၊ အင်ဂျင်နီယာ)စသဖြင့် မည်သည့် ဗီဇာမဆို လက်ခံဆောင်ရွက်ပေးလျှက်ရှိပါတယ်။

အာမခံပေးမည့်သူမရှိသူများ အတွက် 
အာမခံဝန်ဆောင်မှုကိုပါ ချိတ်ဆက်
ဆောင်ရွက်ပေးလျှက် ရှိပါတယ်။

စုံစမ်းမေးမြန်းခြင်း မှ တကယ်တမ်း
နေထိုင်သည့်အချိန်အထိ မြန်မာဝန်ထမ်းမှ
ကူညီဆောင်ရွက်ပေးလျှက်ရှိတာမလို့
စိတ်ချပြီး အသုံးပြုနိုင်ပါတယ်။

ဂျပန်သို့မလာခင် ရက်၃၀ခန့် မတိုင်ခင် အလိုကတည်းက ကြိုတင်လျှောက်ထားနိုင်တာမလို့ ဂျပန်လာတဲ့အခါ ပိုပြီး အဆင်ပြေချောမွေ့ နိုင်ဖို့ ကူညီပေးလျှက်ရှိပါတယ်။

နယ်ဝေး(သို့)ပြည်ပမှ လျှောက်ထားသူများ အတွက် အွန်လိုင်းမှ အသေးစိတ်ရှင်းလင်း
ပြောပြပေးပြီး အွန်လိုင်းမှတဆင့် စာချုပ်
ချုပ်ဆိုနိုင်ပါတယ်။

Service Flow

ဝန်ဆောင်မှုအဆင့်ဆင့်
(အစောဆုံး၁လအတွင်း စနေနိုင်ပါတယ်!)

စုံစမ်းမေးမြန်းခြင်း

ဆက်သွယ်စုံစမ်းရန် ဖောင် (သို့) Facebook, TikTok များမှတဆင့် ဆက်သွယ်နိုင်ပါတယ်။

အိမ်၊ အခန်းရှာဖွေအကြံပေးခြင်း

လိုချင်တဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး အသင့်တော်ဆုံး ဖြစ်မယ့် အိမ်/အခန်းတွေကို ရွေးချယ်မိတ်ဆက်ပေးပါမယ်။

အိမ်၊အခန်း လျှောက်ထားခြင်းနှင့် ခွင့်ပြုချက်ရယူခြင်း

စိတ်ကြိုက်အိမ်ကို ရွေးချယ်ပြီးပြီ ဆိုရင် လျှောက်လွှာတင်ပြီး ငှားရမ်းခွင့်လျှောက်ထားတဲ့အဆင့်ကို ဆက်လက်လုပ်ဆောင်သွားပါမယ်။

စာချုပ်ချုပ်ဆိုခြင်း

စာချုပ်ချုပ်ဆိုတဲ့အခါ မြန်မာလူမျိုးတာဝန်ခံမှ အသေးစိတ်ရှင်းပြပေးပါမယ်။

အိမ်တက်နေထိုင်ခြင်း

အိမ်အသစ်သို့ဝင်ရောက်နေထိုင်သည်အထိ မြန်မာဘာသာဖြင့် ဝန်ဆောင်မှုပေးမှာဖြစ်ပြီး
လိုအပ်ပါက ရေ/မီး/ဂတ်စ်ချိတ်ဆက်မှုများကိုလဲ ပံ့ပိုးကူညီပေးပါမယ်။

အဆင့်၁ မှ ၅အထိကို မြန်မာဘာသာဖြင့် ဝန်ဆောင်မှုပေးပါမည်

Other Services

အခြားသောဝန်ဆောင်မှုများ

Sim-Cardနှင့်Wi-fiဝန်ဆောင်မှု တစ်ခုတည်းကိုလည်း သီးသန့်လျှောက်ထားနိုင်တာမလို့ အသေးစိတ်ကို Social Media များမှတဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်။

FAQs

အမေးများသော မေးခွန်းများ

အိမ်ရှာဖို့အတွက် ဂျပန်စာကျွမ်းကျင်ဖို့ လိုအပ်ပါသလား?

မြန်မာဝန်ထမ်းများမှ အစအဆုံး မြန်မာလိုကူညီဆောင်ရွက်ပေးမှာမလို့ နေ့စဥ်သုံးစကား ပြောနိုင်လျှင်
အဆင်ပြေပါတယ်။

အိမ်ပြောင်းဖို့အတွက် ဝန်ဆောင်မှုရော ရှိပါသလား?

အရင်ဆုံး ST Agency ကိုဆက်သွယ်မေးမြန်းပေးပါ။ လိုအပ်ချက်များကို တိုင်ပင်ဆွေးနွေးပြီးနောက်မှာ
ကူညီဆောင်ရွက်ပေးပါမယ်။

မြန်မာလူမျိုးမဟုတ်ပဲ အခြားသောနိုင်ငံသားများကိုရော ဝန်ဆောင်မှုကို အသုံးပြုလို့ရပါသလား?

ဟုတ်ကဲ့၊ အသုံးပြုနိုင်ပါတယ်။ ST Agency ကို ဆက်သွယ်မေးမြန်းပေးပါ။

သူငယ်ချင်းတွေနဲ့ အတူစုနေလို့ရတဲ့ အိမ်မျိုးတွေရှိပါသလား။

ဟုတ်ကဲ့ ရှိပါတယ်။ လိုချင်တဲ့အချက်အလက်တွေနဲ့ ကိုက်ညီမယ် အိမ်မျိုးကို ရှာဖွေပေးနိုင်တာမလို့ အသေးစိတ်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ပရိဘောဂနဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ ပါဝင်ပြီးသား အခန်းမျိုးရှိပါသလား။

ပရိဘောဂနဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းပါပြီးသားအခန်းတွေလည်းရှိပါတယ်။ ဒါပေမဲ့ အခန်းအရေအတွက်က ကန့်သတ်ချက်ရှိတာမို့ ရွေးချယ်တဲ့ အိမ်၊အခန်းအပေါ် မူတည်ပြီး လိုအပ်တဲ့ ပရိဘောဂနဲ့ ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ကို ကူညီဆောင်ရွက်ပေးနိုင်တာမလို့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

အိမ်ငှားစာချုပ်သက်တမ်းက ဘယ်လောက်ရှိပါသလဲ။

အခန်းငှားတဲ့ စာချုပ်သက်တမ်းက ယေဘုယျအားဖြင့် ၂နှစ်ဖြစ်ပါတယ်။ စာချုပ်သက်တမ်း ကုန်ဆုံးပါက ထပ်မံသက်တမ်းတိုးလို့ရပါတယ်။

တိုင်ပင်ဆွေးနွေးခြင်းအတွက်”အခမဲ့”ဖြစ်ပါတယ်

အသေးစိတ်ဆက်သွယ်စုံစမ်းနိုင်ပါတယ်

အားမနာတမ်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်

ရုံးချိန် ၀၉:၀၀ မှ ၁၈:၀၀

TEL: 03-4400-6604